မိုင်းယောင်း ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (တပ်တွင်း) Community Based Facility Quarantine Center တွင် အသွားအလာကန့်သတ် စောင့်ကြည့်ခံသူများအနက် သတ်မှတ်ကာလ ၁၄ ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရသူ သုံးဦးကို ယမန်နေ့ ညနေပိုင်း က အိမ်ပြန်ခွင့် ပြုခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အိမ်ပြန်ခွင့်ရသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးအုပ်ကြီး ဦးသိန်းစိုး၊ ကျန်းမာရေးဝန်ထမ်း များနှင့် တာဝန်ရှိသူများပါဝင်၍ အသွားအလာကန့်သတ် နေထိုင်ပြီးစီးကြောင်း ကျန်းမာရေးထောက်ခံစာကို တစ်ဦးချင်းအားပေးအပ်ခဲ့ကြကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Home Quarantine ခုနှစ်ရက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အိမ်ပြန်ခွင့်ရသူများ၏ ဓါတ်ခွဲနမူနာများရယူပြီး ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး) သို့ ပေးပို့ပြီး PCR ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရသဖြင့် အိမ်ပြန်ခွင့်ပြုခဲ့ကြတာ ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုင်းယောင်းမြို့နယ်သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ နယ်စပ်ဒေသနှင့် ပြည်ပမှ ဝင်ရောက်လာသူများ အားလုံးကို Community Based Facility Quarantine Center တွင် အသွားအလာကန့်သတ်ကာလ ၁၄ ရက်ထားရှိကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး၍ ရောဂါပိုး မတွေ့ရှိရသူများကို အိမ်ပြန်နေထိုင်ခွင့် ပြုကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အားချာ(ပြန်/ဆက်)