ကော့သောင်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေးဆောင်ရွက်

ကော့သောင်း ၊ ဇန်နဝါရီ  ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင် အထွက် ဂိတ်များတွင် စစ်ဆေးဆောင်ရွက်လျက်ရှိရာ  မြို့အဝင်အထွက် ဂိတ်များမှ နေ့ညအချိန်မရွေး ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေး ၊ မြို့တွင်းသို့ဝင်ရောက်မည့် မော်တော်ယာဉ်များပေါ်ပါခရီးသည်နှင့်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ အား နှာခေါင်းအာခေါင်တို့ ဖတ်နမှုနာများအား ရယူစစ်ဆေးခြင်း များ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။

ထိုအပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် ကျန်းမာရေး စစ်ဆေးခြင်းအပြင် ခရီးသွားရာဇဝင်မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာထောက်ခံချက်ပါရှိမှု ရှိ၊ မရှိစစ်ဆေးခြင်း၊ Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ ပြည်သူများအနေဖြင့် အတတ်နိုင် ဆုံး ခရီးသွားလာခြင်း လျှော့ချရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)