နမ့်စန်တွင် မြို့နယ် ပုဂ္ဂလိက ရေပေးဝေရေးလုပ်ငန်း (EOI)ပဏာမ စိစစ်ရွေးချယ်ပွဲ ကျင်းပ
Jan 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပုဂ္ဂလိကရေပေးဝေရေးလုပ်ငန်း (EOI)ပဏာမ စိစစ်ရွေးချယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် ခရိုင်အဆင့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။