ကျိုက်မ​ရောမြို့နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်​ရေးအတွက် DMO အဖွဲ့ဝင်များ ​ဒေသခံများနှင့်​​ တွေ့ဆုံ​ဆွေး​​နွေး

ကျိုက်မ​ရော  ဇန်နဝါရီ  ၂၀

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်​ ရေပူ​ကော့စပ်​ကျေးရွာရှိ    ရေပူကန်အားခရီးသွားများ  အနားယူအပန်း​ဖြေစရာ​​ နေရာတစ်ခု အဖြစ်  ဖော်​ဆောင်နိုင်ရန်နှင့် ခရီးသွားကဏ္ဏ ဖွံ့ဖြိုး တိုးတက်​ရေးအတွက် DMO အဖွဲ့ဝင်များ၊​  ဒေသခံများနှင့်​  တွေ့ဆုံ​ဆွေး​နွေးပွဲ ကို  ယမန်​နေ့ နံနက် ၁၀ နာရီက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ ရွှေဟင်္သာခန်းမ၌ ကျင်းပခဲ့သည်။

ဆွေး​နွေးပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်  လူဝင်မှု ကြီးကြပ်​ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က   အဖွင့်အမှာစကား​ပြောကြားပြီး   အမျိုးသား လွှတ်​တော်ကိုယ်စားလှယ်ဦးခင်​ဇော်ဦးက ခရီးသွားကဏ္ဏ ဖွံ့ဖြိုးတိုးတက်​ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေး​နွေးခဲ့သည်။  ထို့​နောက်  ပြည်နယ် လွှတ်တော် ကိုယ်စား လှယ်​ ဒေါ်ခင်မျိုးမြင့်က  ခရီးစဉ်ဒေသတစ်ခု​အဖြစ်  ဖော်​ဆောင်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​ဆွေး​နွေးခဲ့ကြသည်။  ဆက်လက်၍ တက်​ရောက်လာ​​သော ဒေသခံများနှင့်ပြည်နယ်ခရိုင် မြို့နယ်တို့မှ တာဝန်ရှိသူများက သိရှိလို သည်များ မေးမြန်းကြရာသက်ဆိုင်ရာတာဝန်ရှိသူများကပြန်လည်​ ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေး​နွေးပွဲအပြီးတွင် ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်​ရေးအတွက်​  ခရီးစဉ်ဒေသ စီမံခန့်ခွဲ​ရေး​ကော်မတီ (DMO) အဖွဲ့ဝင် များနှင့်  ဒေသဆိုင်ရာခရီသွား လုပ်ငန်းကော်မတီအဖွဲ့ဝင် များပူး​ပေါင်းပြီး​ ရေပူ​ကော့စပ်​ကျေးရွာရှိ​ ရေပူကန်သို့ကွင်းဆင်း​လေ့လာ ခဲ့ကြ​ကြောင်း သိရသည်။


မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်တွင် သဘာဝရူ့ခင်းများ​ နေရာအနှံ့အပြား ရှိသဖြင့်ခရီးသွား များစိတ်ဝင်စားမည့် ခရီးစဉ်ဒေသ အသစ်  ထပ်မံ​ဖော်​ဆောင်နိုင်ရေး အတွက် ကွင်းဆင်း​လေ့လာ ခဲ့ကြခြင်းဖြစ်​ကြောင်း ပြည်နယ်တာဝန်ခံ၏​ ပြောပြချက်အရ သိရ သည်။

ချိုချို  (ပြန်/ဆက်)