သတင်းများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၁) ဒုတိယနေ့ ကျင်းပ
Jan 21,2021
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၁)(ဒုတိယနေ့) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးလှသန်းတို့ တက်ရောက်ခဲ့ကြသည်။
ထန်တလန်၌ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံးမီး‌လောင်မှုဖြစ်ပွား
Jan 21,2021
ထန်တလန်မြို့မှ ၄ မိုင်ခန့်အကွာ၌ ယနေ့နံနက် ၁နာရီ ၄၅ မိနစ်အချိန်က မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ကျွန်းစုမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Jan 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ (၂)နာရီခွဲအချိန်က ကဘင်းချောင်း ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးမြို့တွင် STOP COVID-19 အဝါရောင် အသိပညာပေး လှုပ်ရှားမှုတစ်ရပ် ဆောင်ရွက်
Jan 21,2021
မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေး အတွက် တိုင်း၊ခရိုင်၊မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီကဦးဆောင်ကာ မြို့အတွင်း မဖြစ်မနေ လမ်းထွက်သွားလာ နေကြသူများကို နှာခေါင်းစည်း တပ်ဆင်စေရေး၊ မြို့အတွင်းရှိ လူစည်ကားရာနေရာ လမ်းများ၊ ဈေးများတွင် လူစုလူဝေးများ မဖြစ်စေ ရေးတို့ကို လိုက်လံနှိုးဆော်ခြင်း၊ Mask များ အခမဲ့ လိုက်လံဖြန့်ဝေ တပ်ဆင်ပေးခြင်း၊
လမိုင်းမြို့ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၁) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ ငွေပေးအပ်
Jan 21,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ မြို့မ (၂) ရပ်ကွက်တွင် အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်လွဲပိုင်းက အိမ်တိုင်ရာ ရောက် လိုက်လံထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
တာလေ၌ ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား(၂) ဦးကို အသွားအလာကန့်သတ်ထားရှိ
Jan 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ မြှင့်မားနေသည့် ရန်ကုန်မြို့မှ တာလေသို့‌ ခေတပြန်လည်ရောက် ရှိလာသူအမျိုးသား(၂)ဦးကို ယမန်နေ့ ညနေပိုင်းက နားယောင်းကျေးရွာအုပ်စု ရန်ကင်း(၁) အမကကျောင်းအတွင်း အသွားအလာကန့်သတ် Quarantine ထားရှိထားကြောင်း သိရသည်။
ဗန်းမော် မြို့နယ်အတွင်း၌ ခွေးရူးရောဂါ ကင်းစင်ပပျောက် နိုင်စေရေးအတွက် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေး
Jan 21,2021
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း၌ ခွေးရူးရောဂါကင်းစင် ပပျောက်နိုင်စေရေးအတွက် ဗန်းမော်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဗန်းမော်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ ယမန်နေ့ နံနက် ၈ နာရီခွဲ ခန့်က ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။