နမ့်စန်မြို့ အမှတ်(၃)ရပ်ကွက်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်

နမ့်စန်() ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့၊ အမှတ်()ရပ်ကွက်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည် ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ()ဦး ရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်()ရပ်ကွက် ဝိသုဒ္ဒိ မြို့မကျောင်းတိုက်တွင်  ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်ချက်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပုံအဆင့်ဆင့်ကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ အကူအညီပေးရေးအဖွဲ့()မှ အဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်က ကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ်အရည်အချင်းများနှင့် တာဝန်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများက ကြီးကြပ်ရေး အဖွဲ့ ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသော အမှတ်()ရပ်ကွက် အတွင်းရှိ ပြည်သူများ၏ အဆိုပြုရွေးချယ်မှုအရ ကြီးကြပ်ရေး အဖွဲ့()ဦးကို စနစ်တကျရွေးချယ်ခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)