မတူပီ ဇန်နဝါရီ ၂၁
မတူပီခရိုင်၊ မတူပီမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ (ဒုတိယအကြိမ်ပြင်ဆင်သည့်) နည်းဥပဒေ အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘုံတလာခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအသိပညာပေး ရှင်းလင်းပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဟိန်းထက်စိုးက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများနှင့် အုပ်ချုပ်ရေးမှူးများ၏ သိရှိလိုသည်များ မေးမြန်း ဆွေးနွေးမှုအပေါ် ပြန်လည် ဆွေးနွေးသည်။
အဆိုပါ အသိပညာပေး ရှင်းလင်းပွဲသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာ၀န်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၉၃)ဦး တက်ရောက်ကြပြီး ရပ်ကွက်/ကျေးရွာ စာရေးများနှင့် အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုမည့် စာရွက်စာတမ်းများ ထုတ်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)