ရေးမြို့နယ်၊ မာန်အောင်ကျေးရွာရှိ ရောဂါဖြစ်ပွားနေသော ဆင်ထီးတစ်ကောင်အား ကွင်းဆင်း ဆေးကုသပေး

ရေး     ဇန်နဝါရီ        ၂၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု၊ မာန်အောင်ကျေးရွာရှိ ရှားပါးတိရိစ္ဆာန် စာရင်းဝင်ဖြစ်သည့် ရောဂါဖြစ်ပွားနေသော ဆင်ထီးတစ်ကောင်အား ကွင်းဆင်း ဆေးကုသပေး ခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နယ်မြေကွင်းဆင်းပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဆေးကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသပေးခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာသန်းထွဋ်အောင်နှင့် ဝန်ထမ်းများက မာန်အောင်ကျေးရွာနေ ဦးစောချစ်ကို၏ အသက် (၁၈) နှစ်အရွယ် ဖာဟေ့အမည်ရှိ ဆင်ထီး တစ်ကောင်ကို တစ်ခါတစ်လေ ဖြစ်ခဲသော ရောဂါအတွက် ဆေးကုသပေးခြင်းဖြစ်ပြီးယခုလို စားကျက် ရှားပါးခြင်း၊ ရေရှားပါးခြင်း၊ အခက်အခဲ ဖြစ်နေသော အခြေအနေများတွင် သဘာဝအစားအစာရှားပါးမှုကြောင့် တစ်ခါတစ်လေ ဖြစ်ခဲသောရောဂါများ ဖြစ်ပေါ်တတ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)