သတင်းများ

တန့်ယန်းမြို့နယ်တွင် စောင်ကြည့်ရေးစခန်းရှိ ရှင်သာမဏေ (၄)ပါးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
Jan 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ် ရေးအတွက် ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသည့် စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) နှစ်ခုတွင် ဇန်နဝါရီလ ၁၈ ရက်နေ့က စောင့်ကြည့်ထားသူ ရှင်သာမဏေ (၁၉)ပါးနှင့် ခရီးသွားပြည်သူ (၄၃)ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာများအား မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ရယူကာ မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့သည်။
တွံတေး၌ Stop ကိုဗစ်-၁၉အဝါရောင်Mask Campaign အသိပညာပေးလှုပ်ရှားမှုနှင့် ပြက္ခဒိန် ဖြန့်ဝေ
Jan 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေ ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ Stop ကိုဗစ်-၁၉ အဝါရောင် Mask Campaign အသိပညာပေး လှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်းကမြို့မ စည်ပင်သာယာစျေးရှေ့နှင့် အိုးဘိုအရှေ့ ရပ်ကွက်၊ ရွှေညောင်ပင် လမ်းဆုံတို့၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းယောင်းမြို့နယ်တွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jan 21,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် မီးခိုးမြူငွေ့ကင်းရှင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ ကွင်းဆင်း၍ အသိပညာပေးဟောပြော ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုင်းယောင်း၌ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေး
Jan 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့တွင်း နေရာ (၃) နေရာတွင် အားကစားဆိုင်ရာ လေ့ကျင့်ခန်းသုံး ပစ္စည်းများ တပ်ဆင်ပေးထား
Jan 21,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် ပြည်သူများ ကျန်းမာရေး အတွက် လေ့ကျင့်ကစားခြင်းများ ပြုလုပ် နိုင်ရန်အတွက် ကျန်းမာရေး လေ့ကျင့်ခန်းသုံး ပစ္စည်းများကို မြို့နယ်အတွင်းရှိ နေရာသုံးခုတွင် တပ်ဆင်ပေးထား ကြောင်း သိရသည်။
မိုင်းငေါ့မြို့ မန်လုံရပ်ကွက်ရှိ ရန်ကင်းတောင်သွားလမ်းနှင့် ရိပ်သာကျောင်းသွားလမ်းအား ရပ်ကွက်ပြည်သူများ စုပေါင်း၍ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Jan 21,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်ရှိ ရန်ကင်းတောင်သွားလမ်းနှင့် ရိပ်သာကျောင်းသွားလမ်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ခင်းကျင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပန်းခြံနှင့် အားကစားကွင်းများအား ဇန်နဝါရီ ၂၁ ရက်နေ့မှစ၍ အချိန်ပိုင်း ပြန်လည်ဖွင့်လှစ်မည်
Jan 20,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပန်းခြံနှင့် အားကစားကွင်းများအား ဇန်နဝါရီ ၂၁ ရက်နေ့မှစ၍ အချိန်ပိုင်း ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ရန်ကုန်မြစ်အတွင်း သဲစုပ်ရေယာဉ်တစ်စီး နစ်မြုပ်မှုဖြစ်ပွား၊ လူထိခိုက်မှုမရှိ
Jan 20,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက် သမ္မတကမ်းခြေ ရှေ့ရေပြင်၊ ရန်ကုန်မြစ်အတွင်း ဇန်နဝါရီ (၂၀) ရက် နံနက် (၄) နာရီက သဲစုပ်ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရသည်။