မကွေးမြို့တွင် STOP COVID-19 အဝါရောင် အသိပညာပေး လှုပ်ရှားမှုတစ်ရပ် ဆောင်ရွက်

မကွေး     ဇန်နဝါရီ     

မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေး အတွက် တိုင်း၊ခရိုင်၊မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီကဦးဆောင်ကာ မြို့အတွင်း မဖြစ်မနေ လမ်းထွက်သွားလာ နေကြသူများကို နှာခေါင်းစည်း တပ်ဆင်စေရေး၊ မြို့အတွင်းရှိ လူစည်ကားရာနေရာ လမ်းများ၊ ဈေးများတွင် လူစုလူဝေးများ မဖြစ်စေ ရေးတို့ကို လိုက်လံနှိုးဆော်ခြင်း၊ Mask များ အခမဲ့ လိုက်လံဖြန့်ဝေ တပ်ဆင်ပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော စည်းကမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာစေရေးအတွက် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော် အသိပေးခြင်း၊ဒေသန္တရအမိန့် ထုတ်ပြန် ချက်များကို ကြေငြာပေးခြင်းစသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေးလုပ်ငန်း Campaign များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် နာရီခွဲက မကွေးမြို့ ကန်သာဈေးရှေ့တွင် STOP COVID-19 အဝါရောင် အသိပညာပေး လှုပ်ရှားမှုတစ်ရပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး STOP COVID-19 အဝါရောင် အသိပညာပေး လုပ်ဆောင် ရာသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးဝန်ထမ်း များ၊  လူမှုရေး အသင်းအဖွဲ့များက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် မဖြစ်မနေ အပြင်ထွက်တိုင်း ပါးစပ်နှာ ခေါင်းစည်းများ တပ်ဆင်ကြရေးအတွက် အသိပညာပေး  ဗီနိုင်းပိုစတာများ ချိတ်ဆွဲခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ နှာခေါင်း စည်း mask မပါသူများကို အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေနဲ့ အချင်းချင်းအသိပေး သတိပေးကြပါ၊ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုယ်တစ်ဦး အသိပေးပါ၊ သတိပေးပါ၊ STOP COVID-19 အဝါရောင် အသိပညာပေး အစီအစဉ်အရ နှာခေါင်းစည်း တပ်ဆင်သွားလာခြင်းကို အထူး အလေ့အကျင့်ကောင်း တစ်ခုအဖြစ် ရေရှည်လုပ်ဆောင်ကြရမှာဖြစ်တယ်၊ လူတိုင်းက အသိ၊ သတိရှိစွာ လိုက်နာဆောင်ရွက် ကြပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့သည်။

အဆိုပါ STOP COVID-19 အဝါရောင် အသိပညာပေး Campaign မှာ  တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ အနေဖြင့် ကပ်ရောဂါနှင့် ပတ်သက်၍ သတိမှုပြီး စည်းကမ်းများ လိုက်နာ ကြစေရန်အတွက် အသိပေးသည့် အစီအစဉ်ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွား လာကြရန်၊ လက်ဆေးခြင်း အလေ့အကျင့်ကောင်းများ ဆောင်ရွက်ကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်တို့ကို အသိပညာပေးခြင်းဖြစ်သည်။

သန်းနိုင်ဦး(ငဖဲ)