လမိုင်း ဇန်နဝါရီ ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ မြို့မ (၂) ရပ်ကွက်တွင် အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်လွဲပိုင်းက အိမ်တိုင်ရာ ရောက် လိုက်လံထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၏၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လများအတွက် ဘိုးဘွားတစ်ဦးကိုတစ်လလျှင် ငွေကျပ် (၁၀၀၀ဝိ/-) နှုန်းဖြင့် သုံးလစာ ငွေကျပ် (၃၀၀၀ဝိ/-) တိတိကို လမိုင်းမြို့ မြို့မ (၂) ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွား ၁၁ ဦးအား မြို့မ (၂) အုပ်ချုပ်ရေးမှူး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကို ဘိုးဘွားများလက်ဝယ်သို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လမိုင်း( ပြန်/ဆက်)