တာလေ၌ ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား(၂) ဦးကို အသွားအလာကန့်သတ်ထားရှိ

တာလေ       ဇန်နဝါရီ      ၂၁   

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ မြှင့်မားနေသည့် ရန်ကုန်မြို့မှ တာလေသို့‌ ခေတပြန်လည် ရောက်ရှိလာသူအမျိုးသား(၂)ဦးကို ယမန်နေ့ ညနေပိုင်းက နားယောင်းကျေးရွာအုပ်စု ရန်ကင်း(၁) အမကကျောင်းအတွင်း အသွားအလာ ကန့်သတ် Quarantine ထားရှိထားကြောင်း သိရသည်။

တာလေမြို့ နားယောင်း‌ ကျေးရွာအုပ်စု ဟွေခိုက်ကျေးရွာတွင်နေထိုင်သူ ဖခင်ဆုံးပါးသွား၍ ရန်ကုန်မြို့မှ လေယာဉ်ခရီးစဉ်ဖြင့် ပြန်လည်ရောက် ရှိလာသူ ကိုရဲထက်နှင့် တပ်ကြပ်ကြီးဝင်းအောင်တို့ (၂) ဦးအား သတ်မှတ်နေရာတွင် အသွားအလာကန့်သတ် Quarantine ထားရှိခြင်း ဖြစ်ကြောင်း၊ ဟွေခိုက်ကျေးရွာမှ ဖခင်ဆုံးပါးသွား၍ တာလေမြို့သို့ ခေတ္တပြန်လာကြခြင်းဖြစ်ကြောင်း ၎င်းအမျိုးသား(၂)ဦးကို တာချီလိတ် လေဆိပ် အရောက်တွင် လောကပါလလူမှုကူညီရေးအသင်းက ကားဖြင့် သွားရောက် ကူညီခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့မှ လေယာဉ်ခရီးစဉ်မှတစ်ဆင့် တာလေမြို့သို့ ခေတ္တပြန်လည်ရောက်ရှိလာသူ ကိုရဲထက်နှင့်တပ်ကြပ်ကြီး ဝင်းအောင်ဆိုသူ အမျိုးသား(၂) ဦးကို ‌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ရန်ကင်း(၁) အမကကျောင်းအတွင်း သတ်မှတ်နေရာတွင် သွားရောက် ပို့ဆောင်ကာ အသွားအလာကန့်သတ် Quarantine ထားရှိပြီး ရောဂါပိုးကူးစက်ခံထားရခြင်း ရှိ မရှိ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)