ကျောက်တံခါးမြို့နယ် မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း၊ သုံးသပ်​ဆွေး​နွေးပွဲနှင့် စီမံကိန်းစံပြ​ကျေးရွာ ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ကျောက်တံခါး    ဇန်နဝါရီ  ၂၁

ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှ ကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စီမံကိန်းစံပြကျေးရွရွေးချယ်ခြင်းအခမ်းအနားကိုယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲသည်။

အဆိုပါ အခမ်းအနားတွင်   မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းဇော်ထွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးမှူးဒေါ်ဆွေဆွေမြင့်က အခမ်းအနား ပြုလုပ်ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာသော မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်း ကောင်အထည်ဖော်ရေးကော်မတီဝင်များ နှင့် ကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များက စီမံကိန်းဆောင်ရွက်ထားရှိမှုအပေါ် အားနည်းချက်၊ အားသာ ချက်များကို သုံးသပ် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ထို့နောက်မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးစီမံကိန်း အဖွဲ့ဝင်များက စီမံကိန်းစံပြကျေးရွာရွေးချယ်ခြင်းအား အမှတ်ပေးစည်းမျဉ်းများနှင့်အညီရွေးချယ်ဆောင်ရွက်ခဲ့ပြီး စံပြဆုရရှိသည့် တလိုင်းခင်ကျေးရွာ၊ စာရင်းဇယားအကောင်းဆုံး ဆုရသည့်တောင်ပေါ်စုကျေးရွာ၊ကော်မတီဝင်စည်းလုံးညီညွတ်မှုဆုရရှိသည့် ကြာအင်းကုန်းကျေးရွာတို့အား မြို့နယ်စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။

စန်းစန်း(ပြန်/ဆက်)