တနိုင်းမြို့ လီဒိုလမ်းမကြီးဘေး၌ ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက် (၄)ရပ်ပါသည့် ဗွီနိုင်းကြော်ငြာဆိုင်းဘုတ်စိုက်ထူ

တနိုင်း     ဇန်နဝါရီ    ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ မြစ်ကြီးနားမြို့လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့နံနက် ၉ နာရီခွဲက ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက် (၄)ရပ်ပါသည့် ဗွီနိုင်းကြော်ငြာဆိုင်းဘုတ်အား စိုက်ထူခြင်းကို လီဒိုလမ်းမကြီးဘေး၌ ပြုလုပ်ခဲ့ကြသည်။

မြစ်ကြီးနားမြို့ အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ ရဲတပ်ဖွဲ့စုမှ ရဲအုပ်တင့်လွင်နှင့်အဖွဲ့ ၊မြစ်ကြီးနားမြို့ အမှတ်(၂)ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ရဲတပ်ဖွဲ့စိတ် ရဲအုပ်ထွန်းနိုင်လင်း၊ တနိုင်းမြို့မရဲစခန်း မြို့မစခန်းမှူး ဒုရဲမှူးမြင့်လွင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဝါဦး၊ တနိုင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်အေးအေးသန်းနှင့် အဖွဲ့ဝင်တို့ ပူးပေါင်း၍ ပုန်ခုန်းရပ်ကွက်၊ လီဒိုလမ်းမကြီးဘေး၊ ရဲစခန်းရှေ့တွင် ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်(၄)ရပ်ပါ (၈' ၄' ၁၀')ဗွီနိုင်း ကြော်ငြာဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြပြီး လူကုန်ကူးမှုဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင် (၂၀၀)နှင့် Mask ခုရေ(၂၀၀)တို့ကို လီဒိုလမ်းမကြီးဘေး၊ မိုင်းခွန်းသွားလမ်းဒေါင့်နှင့် မြို့နယ်စည်ပင်သာယာ ဈေးအတွင်း အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဝါဝါ(ပြန်/ဆက်)