ကျောက်တံခါးမြို့နယ် မီးသတ်ဝန်ထမ်းများအစဉ်အမြဲ စွမ်းရည်ပြည့်ဝ​စေရန်​နေ့စဉ်လေ့ကျင့်မှု များ ​ဆောင်ရွက်

ကျောက်တံခါး    ဇန်နဝါရီ   ၂၁

ကျောက်တံခါးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနကမီးသတ်ဦးစီးဌာန၏ရည်ရွယ်ချက် များအောင်မြင်စေရန်အတွက် ရည်မှန်းချက်တာဝန်ကြီး()ရပ်နှင့် လုပ်ငန်းစဉ်()ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရေး သဘာဝဘေးအန္တရာယ်များကျရောက်လာသည့်အခါ ကာကွယ်နိုင်စေရေးအတွက်လေ့ကျင့်ခန်း များအားနေ့စဉ်သတ်မှတ်နေ့ရက်များအလိုက်လေ့ကျင့်မှုများဆောင်ရွက်လျက်ရှိသည်။

လေ့ကျင်မှုများဆောင်ရွက်ရာတွင် နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၌  မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မီးသတ်ဝန်ထမ်းများသည် အစဉ်အမြဲ စွမ်းရည်ပြည့်ဝနေရေး မီးဘေးအန္တရာယ်ကာကွယ်တားဆီရေးအတွက် မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးပညာရပ်များအား ဆက်တိုက်လေ့ကျင့်လျက်ရှိပြီး သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ ရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် မိမိ၏တပ်ဖွဲ့ဝင်များ အစဉ်အမြဲစွမ်းရည်ပြည့်ဝနေစေရန်အတွက်နေ့စဉ်လေ့ကျင့်မှုများဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်မီသတ်ဦးစီးဌာနမှသိရသည်။

စန်းစန်း(ပြန်/ဆက်)