ရှားတောမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှားတော၊ ဇန်နဝါရီ     ၂၁

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်း စီမံကိန်း များ အကောင်အထည် ဖော်ဆောင်ရွက်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက် ပိုင်းက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်း က အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အား ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကောင်အထည်ဖော် ဆောင်ရွက်သည့်ဌာနနှင့် လုပ်ငန်းကို တာဝန်ယူဆောင်ရွက် သည့် ကုမ္ပဏီများက လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်း ကနိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းအောင်(ပြန်/ဆက်)