မအူပင် ဇန်နဝါရီ ၂၂
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ကျုံစုတ်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုကို မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆန်းဝင်း၊ ဒုတိယဦးစီးမှူး ဦးစိုးမြတ်ကျော်နှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်(ငါးကဏ္ဍ)လုပ်ငန်းများအား အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး မအူပင်မြို့နယ်တွင် ကျေးရွာ (၁၅)ရွာအား ဖွဲ့စည်းခဲ့ပြီး ကျုံစုတ်ကျေးရွာတွင် ၂၀၁၇-၂၀၁၈ ခုနှစ်မှစတင်ကာ အသင်းဝင် (၂၀၉)ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး အသင်းမတည်ငွေမှာ သိန်း(၃၀)ကျပ်ရှိပြီး အဆိုပါမတည်ငွေမှရရှိသည့် အတိုးငွေများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းအတွက် ငါးလုပ်ငန်းဦးစီးဌာန၏ ထည့်ဝင်ငွေ (၆၀-သိန်း)၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ (၁၀-သိန်း)ဖြင့် အရှည်ပေ (၆၀၀)၊ အကျယ် (၈)ပေ၊ ထု(၆ လက်မ) ကွန်ကရစ်လမ်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(မအူပင်)