ကျောက်တံတားမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးများ အသစ် ပြန်လည်​ရွေးချယ်ခန့်ထားခြင်းနှင့် ပတ်သက်၍ လုပ်ငန်းစဥ်များအား ကွင်းဆင်း အသိပညာပေးခြင်းဆောင်ရွက်

ကျောက်တံတား  ဇန်နဝါရီ      ၂၁

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊​ကျောက်တံတားမြို့နယ်အတွင်းရှိ  ရပ်ကွက်များ အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်း စဉ် အဆင့်ဆင့်နှင့် ပတ်သက် ၍ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊နည်းဥပဒေပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေ များနှင့် လုပ်ငန်းစဥ်များအားရပ်ကွက်နေ ပြည်သူများ အား အသိပညာပေး ရှင်းလင်း‌ ဆွေးနွေးခြင်းကို ဇန်နဝါရီလ(၂၁)ရက်​နေ့ နံနက်၁၀နာရီအချိန်မှစ၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် အဖွဲ့(၃)ဖွဲ့ခွဲကာ ​ကွင်းဆင်း​အသိပညာ​ပေး ရှင်းလင်းခဲ့ကြ​ကြောင်း သိရသည်။

ထိုသို့ အဖွဲ့လိုက်ကွင်းဆင်းအသိပညာ​ပေး​ ဆောင်ရွက်ရာတွင် အဖွဲ့​ခေါင်း​ဆောင်များမှရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုအုပ်ချုပ် ရေး ဥပဒေ၊နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေပါ ကြီးကြ၇ပ်ရေးအဖွဲ့တွင် ပါဝင်သည့်ရပ်မိရပ်ဖ (၅)ဦး၏ အရည်အချင်းသတ်မှတ် ချက်များ၊           ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့တွင် ပြည့်စုံရမည့် အရည်အချင်း သတ်မှတ်ချက်များ ၊ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန် များစသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်း အဆင့်ဆင့်ကိုရှင်းလင်း​ဆွေး​နွေးခြင်း၊​မေးမြန်းချက်များ ကို ပြန်လည်​ဖြေကြားခြင်း၊ အသိပညာ​ပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

​ရွှေနန်း​မေ