ပင်လုံမြို့ ရပ်ကွက်(၄)တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့

ပင်လုံ   ဇန်နဝါရီ   ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်()တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား များအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယနေ့ နံနက် (၁၀)နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက်()ရှိ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွား(၂၂)ဦးအား လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေး ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်ကွက်စာရေးတို့က လူမှုရေးပင်စင်ရရှိသူ အသက် (၈၅) နှစ် အထက် ဘိုးဘွား(၂၂)ဦးတို့အား တစ်ဦးလျှင်ငွေကျပ် (၃၀၀၀၀) ထောက်ပံ့ပေးခဲ့ပြီး အသက် (၁၀၀) နှစ် ပြည့်ပြီး သည့် မယ့်ထောက်လီအား လူမှုရေးပင်စင်(၃၀,၀၀၀)ကျပ်အပြင် ထပ်မံ၍  (၃၀,၀၀၀)ကျပ်  ဂုဏ်ပြုပေးခဲ့ကြောင်းသိရ သည်။

နန်းမြင့်မြင့်ဆွေ