နောင်ချိုမြို့နယ် ခရီးစဉ်ဒေသသစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ မယ်ဟုန်ဘန်ဘုံ ဒုဋ္ဌဝတီမြစ်ကြောင်းသို့ ကွင်းဆင်းကြည့်ရှု

နောင်ချို ဇန်နဝါရီ  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ခရီးစဉ်သစ်များ ဖော်ဆောင်လျက်ရှိရာ ဇန်နဝါရီလ (၂၃)ရက်နေ့က နောင်ချို မြို့နယ်အတွင်းရှိ မယ်ဟုန်ဘန်ဘုံမှ ဒုဋ္ဌဝတီမြစ်ကြောင်းသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (အတွင်းရေးမှူးဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင် တတ်သိပညာရှင် ဒေါက်တာကြည်လွင်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လားရှိုးရုံးခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်လင်း၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း  (ရှမ်းမြောက်ဇုန်) ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင် ဦးဇော်ဇော်၊ မြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO)အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နောင်ချိုမြို့နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်ဒေသသစ် ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ နောင်ချိုမြို့နယ်အတွင်းရှိ မယ်ဟုန်ဘန်ဘုံမှ ဒုဋ္ဌဝတီမြစ်ကြောင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်နှင့် သန့်ရှင်းသာယာလှပသော ခရီးစဉ်သစ်ဖြစ်ပေါ်စေရန် ခရီးသွားအသိပညာပေး လှုပ်ရှားမှု တစ်ရပ်အနေဖြင့် အမှိုက်ကောက်ခြင်း Campaign လှုပ်ရှားမှုအား ဆောင်ရွက်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ခရီးသွားလုပ်ငန်းအား စိတ်ပါဝင်စားသော ဒေသခံများနှင့် တွေ့ဆုံ၍ လုံခြုံစိတ်ချမှုရှိသော ခရီးစဉ်ဖြစ်ပေါ်စေရန် နှင့်ခရီးစဉ်သစ်အား ဆက်လက်အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်၍ ရန်ပုံငွေများပေးအပ်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်/ဆက်)