ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး DMO အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း

နောင်ချို     ဇန်နဝါရီ      ၂၅

ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (အတွင်းရေးမှူး)  ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်()နာရီအချိန်က နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နောင်ချိုမြို့ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO)နှင့် တွေ့ဆုံကာ ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရေး ခရီးစဉ်သစ်များနှင့်ပက်သက်၍ တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း သိရသည်။

တွေ့ဆုံညှိနှိုင်းရာတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (အတွင်းရေးမှူး)  ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ခရီးစဉ် ဒေသစီမံခန့်ခွဲမှု အဖွဲ့(DMO) လုပ်ငန်းဆောင်ရွက်နေမှုများ၊ (DMO)ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် တက်ရောက်လာကြသော (DMO) အဖွဲ့ဝင်များက နောင်ချိုမြို့နယ် ခရီးသွားဖော်ဆောင်မှု အခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ကြသည်။

နောင်ချိုမြို့နယ် ခရီးသွားလုပ်ငန်း ခရီးစဉ်သစ်များ ဖော်ဆောင်ကာ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ဒေသအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်စေခြင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ဝင်ငွေရရှိ စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာစေနိုင်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်/ဆက်)