ခရမ်းမြို့နယ်ရှိ ကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်မြေသားလမ်း ဂဝံခင်းကျင်းနေမှုအား ကွင်းဆင်းစစ်ဆေး

ခရမ်း ဇန်နဝါရီ  ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်းအား ဂဝံ ခင်းကျင်းနေမှုများကို ယမန်နေ့ နေ့လယ် ၂ နာရီက ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါကုန်ထုတ်လမ်းမှာ ခရမ်းမြို့နယ်  ကျုံတူးကျေးရွာ၏ ဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်း ဖြစ်ပြီး ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့်  မြင့်မြတ်ဥမ္မာကုမ္ပဏီမှ အရှည်ပေ (၄၀၀၀)အား အကျယ် ၁၂ ပေ၊ ထု ၉ လက်မဖြင့် ဂဝံလမ်းခင်းကျင်း ဆောင်ရွက်လျက်ရှိပြီး ကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်း ပြီးစီးပါက ဒေသဆက်သွယ်ရေးနှင့် ဒေသထွက်ကုန် များအား အချိန်နှင့် တစ်ပြေးညီ  ထုတ်လုပ်ရောင်းချနိုင် မည်ဖြစ်ပြီး ဆက်သွယ်ရေးကောင်းမွန် မှုကြောင့် ဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှုများ ရရှိ လာမှာဖြစ် ကြောင်း သိရှိရသည်။

အဆိုပါဆောင်ရွက်နေမှုများကို ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်နှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေး လမ်းညွှန်မှာကြား ပေးခဲ့ ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)