မိုးနဲမြို့နယ် လွိုင်ချိုကျေးရွာနှင့် ဟွေဟေးကျေးရွာတို့တွင် (NEP) စီမံကိန်းနှင့် ဆောင်ရွက်သော လျှပ်စစ်မီးစတင်ရရှိ

မိုးနဲ      ဇန်နဝါရီ     ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိ‌ရေး စီမံကိန်း (NEP) နှင့် ဆောင်ရွက်လျက်ရှိသော လွိုင်ချိုကျေးရွာနှင့် ဟွေဟေး‌ကျေးရွာတို့တွင် ယမန်နေ့ ည‌‌နေပိုင်းမှစတင်၍ ကျေးရွာ လျှပ်စစ်မီးရရှိ‌နေပြီဖြစ်ကြောင်း သိရသည်။

မီးလင်းရေး ဖွင့်ပွဲတွင် မြို့နယ်လျှပ်စစ်မှူး ဦးသိန်းသန်းစိုးနှင့် ကျေးရွာတာဝန်ခံ/ရပ်မိရပ်ဖတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး ‌လွိုင်ချိုကျေးရွာနှင့် ဟွေဟေးကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (NEP)ဖြင့် ၁၀၀ ကေဗွီ‌အေ ထရန်စဖော်မာ တစ်လုံးစီနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ၄၀၀ ဗို့ ဓာတ်အား လိုင်းကြိုး  ခွင့်ပြုရန်ပုံငွေများနှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်‌ကြောင်း ၊ လွိုင်ချိုကျေးရွာတွင် အိမ်ခြေ ၁၉ အိမ်နှင့် ဟွေဟေး ကျေးရွာတွင် အိမ်‌ခြေ ၃၀ အိမ် လျှပ်စစ်မီးရှိပြီး ကျေးရွာနေပြည်သူများအနေဖြင့်လူမှုစီးပွားဘဝ မြင့်မားလာမည် ဖြစ်ပြီး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိမှာ ဖြစ်ကြောင်း၊ ထင်းအစား လျှပ်စစ်မီးဖြင့် ချက်ပြုတ် နိုင်တော့မည် ဖြစ်ကြောင်း၊ မိုးနဲမြို့နယ်တွင် (NEP) စီမံကိန်းဖြင့် ဆောင်ရွက်နေ‌ေသာကျေးရွာ ၁၁ ရွာရှိပြီး ကျေးရွာ ငါးရွာလျှပ်စစ်မီးရရှိ‌နေပြီ ဖြစ်ကြောင်းနှင့် ကျန်ရှိသောကျေးရွာများကို လျှက်စစ်မီး အမြန်ဆုံး ရရှိနိုင်ရေး ဆောင်ရွက် လျက်ရှိ‌ကြောင်း မြို့နယ်လျှပ်စစ်မှူးဦးသိန်းသန်းစိုးက ပြောကြားခဲ့သည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)