မေတ္တာမြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်

မေတ္တာ ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် မေတ္တာမြို့ပေါ်ရပ်ကွက်များ တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည(၇) နာရီအချိန်ခန့်က မေတ္တာမြို့နယ်​မြေခံမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူးဦးသူရကျော် ဦးဆောင် သောအဖွဲ့က မီးသတ် မော်တော်ယာဉ်ဖြင့် မြို့ပေါ် ရပ်ကွက်များ သို့ လိုက်လံနှိုးဆော်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ရာတွင်မေတ္တာမြို့ နယ်မြေခံမီး သတ်စခန်းမှ လက်ထောက် ဦးစီးမှူးဦးသူရကျော်က ယခုအချိန်အခါသည် ပူပြင်း ခြောက်သွေ့ သော ရာသီ ရောက်ရှိ လာသည်နှင့် အညီ လေများ တိုက် ခတ်လျက်ရှိသဖြင့်မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရန် ရည်ရွယ်၍ မေတ္တာမြို့အတွင်းရှိ စက်ရုံ ၊ အလုပ်ရုံများ ၊ရုံးအဆောက်အဦ ၊ မိဘပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ် ဥစ္စာများကို မီးဘေးအန္တရာယ် မှကြိုတင်ကာကွယ်နိုင်ရန် လိုက်လံ အသိပညာပေးနှိုး ဆော်ခဲ့ကြောင်း သိရသည်။

နန်းခလိုက်