ဝိုင်းမော် ဇန်နဝါရီ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ကျွဲ၊ နွား မေထုန်မဲ့ သားစပ်သင်တန်းကို ယနေ့ နံနက် (၁၀)နာရီတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအက်စ်ယိန်းခေါက သင်တန်းဖွင့် ရခြင်းရည်ရွယ်ချက်မှာ ဒေသခံမျိုးညံ့ ကျွဲ၊ နွားများအား မေထုန်မဲ့သားစပ်ခြင်းဖြင့် မျိုးဆက်သစ် မျိုးကောင်း မျိုးသန့်များရရှိလာစေရေး၊ မျိုးဆက်သစ်ကျွဲ၊ နွားများမှာ ရာသီဥတု ဒဏ်ခံနိုင်ပြီး ဒေသအစား အစာနှင့် သဟဇာတ ဖြစ်သော ကျွဲ၊ နွားများရရှိလာရေးနှင့် မွေးမြူရေးအသိပညာများ ရရှိလာစေရန် ရည်ရွယ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား(၁၀)ဦးတက်ရောက်ပြီး ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်မွေးမြူရေး အကြာင်း၊ ကူးစက်ရောဂါများအကြောင်း၊ ကာကွယ်ဆေးများအကြောင်း၊ မွေးမြူရေးအကြောင်းသိကောင်းစရာများ၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့် စားကျက် မြေပြုပြင်ထိန်း ကျောင်းခြင်း စသည့်ပညာရပ်များကို ဇန်နဝါရီလ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့ထိ (၅)ရက်အကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)