ကြို့ပင်ကောက် ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့သည် တိုင်းရင်းဆေးနှင့် အိမ်သုံး ဆေးဝါးများ ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်း မရှိသော တရုတ်တိုင်းရင်းဆေး Lianhua qingwen Jiaonang ရောင်းချခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်း ကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကြို့ပင်ကောက်မြို့ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ မြို့နယ်တိုင်းရင်း ဆေးပညာဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး မြို့မဈေးနှင့်အနီး တစ်ဝိုက်တွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်း မရှိသော တရုတ်တိုင်းရင်းဆေး Lianhua qingwen Jiaonang ရောင်းချခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက် ခဲ့ကြရာ စစ်ဆေးတွေ့ရှိခြင်းမရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က ပြောသည်။
မြို့နယ်အတွင်း ဆေးဆိုင်များတွင် အဆိုပါ မှတ်ပုံတင်ထားခြင်းမရှိသော တရုတ်တိုင်းရင်းဆေး Lianhua qingwen Jiaonang ကို ရောင်းချခြင်းမပြုရန် အသိပညာပေးဟောပြော၍ စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)