ကျိုက်ဒုံမြို့တွင်​ ဗေဒါလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း​ဆောင်ရွက်

ကျိုက်ဒုံ ဇန်နဝါရီလ ၂၆

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊  ဘဏ္ဏာနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၁၂.၈၀၀)ကျပ်သန်းဖြင့်ကျိုက်ဒုံမြို့ အမှတ်(၃)ရပ်ကွက်၊ ဗေဒါလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လမ်းပေအရှည် (၅၅၀)ပေ၊ အကျယ် (၁၂)ပေ၊ (၆)လက်မထု ရှိပြီး ကျိုက်ဒုံမြို့စည်ပင်သာယာ​ရေးအဖွဲ့မှ တာဝန်ခံအငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းသည့် ကျိုက်ဒုံမြို့ ဘုရင့်နောင်လမ်းမကြီးသို့ ဆက်သွယ်ထားသော လမ်းသွယ်ဖြစ်ပြီး မိုးရာသီကာလ၌ဒေသနေပြည်သူများ သွားရေးလာရေးခက်ခဲပြီး ရာသီမရွေးအသုံးပြုနိုင်​စေ​ရေးအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)