လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၂၆
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် ၂၀၂၀−၂၀၂၁ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီခန့်က လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှုခဲ့ရာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၉) ရပ်ကွက်၊ (၁၁) ရပ်ကွက်၊ (၁၀)ရပ်ကွက်၊ (၁၂)ရပ်ကွက်၊ (၁၃)ရပ် ကွက်၊ (၁၄)ရပ်ကွက်၊ (၁၆)ရပ် ကွက်၊ (၁၈)ရပ်ကွက်၊ (၂၀)ရပ်ကွက်၊ အပြင်ပဒံ ကျေးရွာ တို့တွင် Box Culvert များ နှင့် ကွန်ကရစ် လမ်းခင်း ဆောင်ရွက်ပြီးစီးသည့် လမ်းများအား ကွင်းဆင်းကြည့်ရှု စိစစ်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ် စီမံကိန်း ရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာအောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် များ၊ မြို့နယ်လမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရေစီးရေလာဌာနမှ တာဝန်ရှိသူများက မြို့နယ် အတွင်းရှိ ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင် သွားလာနိုင်ရေးအတွက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား အရည်အသွေးပြည့်မီရေး ကွင်းဆင်း ကြည့်ရှု စိစစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)