လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၂၆
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ အမျိုးသမီးကော်မတီနှင့် ကျား/မဆိုင်ရာ အသိပညာပေး ဆွေနွေးခြင်း စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က အမှတ်(၁၄) ရပ်ကွက်ရှိ ဓမ္မာရုံတွင် (Generation Tree) အဖွဲ့က ကျင်းပပြုလုပ်ခဲ့သည်။
စကားဝိုင်းတွင် Generation Tree အဖွဲ့မှ ဒါရိုက်တာ ဒေါ်ဆွေမာဦးက ကျား/မဆိုင်ရာ ခွဲခြားဆက်ဆံမှု မရှိစေရေးအတွက် ပုံသွင်း သတ်မှတ်ခြင်း၊ အပြုသဘောဆောင်ခြင်း၊ အနုတ် သဘောဆောင်ခြင်း၊ မျိုးရိုး၊ လူမျိုး၊ ဘာသာ အသားအရောင်နှင့် ဆိုင်ခြင်း၊ ဘက်လိုက် ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်း၊ အစရှိသည့် အကြောင်းအရာများကို ဦးဆောင် ဆွေးနွေးခဲ့ သည်။ ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာသော ဌာနဆိုင်ရာ များနှင့် အမျိုးသမီး ကော်မတီဝင်များမှ ကျား/မ ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍ မိမိတို့ ထင်မြင်ယူဆချက်များကို အပြန်အလှန် ဆွေးနွေးတင်ပြခဲ့သည်။
အဆိုပါ စကားဝိုင်းကို Generation Tree အဖွဲ့မှ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာ များအတွင်းရှိ အများပြည်သူများနှင့် ပူးပေါင်း၍ အသိပညာ ပေး စကားဝိုင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြသန္တာဝင်း (ပြန်/ဆက်)