မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးပြည်သူ့စာကြည့်တိုက်၌ အသုံးပြုရန်အတွက် (Song Box)တစ်လုံးလှူဒါန်း

 

မန့်ဟီးရိုး         ဇန်နဝါရီ ၂၉                             

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးပြည်သူ့စာကြည့်တိုက်ခန်းမ၌ အသုံးပြုရန်အတွက်  မန့်ဟီးရိုးနယ်မြေရဲစခန်း၊ စခန်းမှူးရဲအုပ် တင်အောင်စိုးနှင့် ဇနီးမောင်နှံတို့က ယနေ့ နံနက်(၁၀)နာရီအချိန်က Professional Pa Speaker(Song Box) တစ်လုံးပေးအပ်လှူဒါန်းသည်။

မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ ကလေးသူငယ်များနှင့် အများပြည်သူ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုရန် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ပြီး မြို့ဦးစီးမှူး ဒေါ်စန္ဒာဝင်းက လှူဒါန်းမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

“ပြည်သူအသိပညာပေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ လူထုအသိပညာပေး လုပ်ငန်းများ (ဆွေးနွေးခြင်း၊ တွေ့ဆုံမေးမြန်းခြင်း)နှင့် (Talk Show) လုပ်ငန်းများ ဆောင်ရွက်ရာမှာ ကောင်းမွန်စွာ အသုံးပြုသွားမည် ဖြစ်ကြောင်း”ပြောကြားသည်။

 

စန္ဒာ(ပြန်/ဆက်)