မဘိမ်း ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁ဝ နာရီအ ချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၆)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား ထပ်တိုး အိမ်ထောင်စု(၆၉၁)စုအတွက် အိမ်ထောင်စုတစ်စု လျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့်၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၃၈၂ဝဝဝဝ)အား အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)