လပွတ္တာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

လပွတ္တာ  ဇန်နဝါရီ  ၂၉

လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုက်တက်ရေးဦးစီးဌာန၏ (၂၀၁၉-၂၀၂၀)ခု၊ ဘဏ္ဍာ ရေးနှစ်အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့တွင် ရွေးနဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှနှင့် ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုတို့က အမှာစကား​ပြောကြား​ပြီး မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းမှ(၂၀၁၉-၂၀၂၀)ခု၊ ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းခြင်း၊ စံပြဆုရရှိသော မြစိမ်းရောင်ကျေးရွာများအား ဆုချီးမြှင့်ခြင်းနှင့် ကော်မတီဝင်များမှ စီမံကိန်းနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးမှုများအပေါ် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့မှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မြစိမ်းရောင်စီမံကိန်းကျေးရွာများမှ (၁)နှစ်တာကာလအတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်နှင့် အကြုံပြုချက်များကို အုပ်စုလိုက်​ဆွေးနွေးဖော်ထုတ်ခြင်း၊ ရလာဒ်များအား ရှင်းလင်း ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း​သိရသည်။

ဝင်းကျော်မြင့်(ပြန်ဆက်)