​ကျောက်တံတားမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

​​ကျောက်တံတား ဇန်နဝါရီ ၂၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊​​ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ရပ်ကွက်များအလိုက် ထပ်တိုး ထောက်ပံ့ငွေပေးအပ်လျက်ရှိရာ ယနေ့​ နေ့လယ် (၁) နာရီအချိန်က အမှတ်(၇) ရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံးတွင် တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ်၊​ဒေါ်မြလှစံ၊ တာဝန်ကျဌာန ဆိုင်ရာ အရာရှိများနှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးတို့က အိမ်​ထောင်စု(၅၈)စုတို့အတွက် တစ်အိမ်​ထောင်လျှင်​ငွေကျပ် (၄၀၀၀ဝိ/_)နှုန်း ဖြင့် ပြည်သူများ လက်ဝယ်အ​ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်  နိုင်ငံတော်မှ အခြေခံလူတန်းစား အရည်အချင်းများနှင့် ကိုက်ညီသည့် အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ် (၄၀၀၀၀)ကျပ်စီဖြင့် ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောက်တံတားမြို့နယ်တွင် ရပ်ကွက်(၉) ရှိ လာ​ရောက်​လျှောက်ထားသူ အိမ်ထောင်စု (၄၉၄) စုအား သက်ဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက် များအလိုက် ပြည်သူများလက်ဝယ်အ​ရောက်​​ ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

​ရွှေနန်း​မေ