ကမာရွတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ကမာရွတ် ဇန်နဝါရီ ၂၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား စတုတ္တအကြိမ် ထပ်တိုးထောက်ပံ့ငွေ ပေးအပ်လျက် ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန် က တာဝန်ရှိသူတို့ သွား​ ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ကြေးငွေ ပေးအပ်ရာတွင် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့ ပြီး ထောက်ပံ့ငွေ မရရှိသေးသည့် ရပ်ကွက် ၁၀ ရပ်ကွက်မှ အိမ်ထောင်စု (၁၄၆၈)စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၄၀၀၀ဝိ /နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၅၈၇၂၀၀၀ဝိ/ကို ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)