၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ်​ ကျေးလက်​ဒေသဖွံ့ဖြိုး​ရေးနှင့်ဆင်းရဲမှု​လျော့ချ​ရေး ရန်ပုံ​ငွေပထမအကြိမ်​ပေးအပ်

ကော့ကရိတ် ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာ​ရေးနှစ် ​ကျေးလက်​ဒေသဖွံ့ဖြိုး​ရေးနှင့်ဆင်းရဲမှု​လျော့ချ​ရေး ပထမ အကြိမ် ရန်ပုံ​ငွေ​ပေးအပ်ခြင်းကို ယ​နေ့နံနက်၁၀နာရီခွဲ အချိန်က ​ကော့ကရိတ်မြို့နယ် အ​ထွေ​ထွေ အုပ်ချုပ်​ရေး ဦးစီးဌာန အစည်းအ​​​ဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကရင်ပြည်နယ်လွတ်​တော် ဒုတိယဥက္ကဋ္ဌ ​ဒေါ်နန်းသူဇာဝင်းက ပထမအကြိမ်ရန်ပုံ​ငွေ​ပေးအပ်ခြင်းနှင့် ပတ်သက်၍ ချမှတ်​ပေးသည့်ရန်ပုံ​ငွေများဖြင့် လုပ်ငန်းများ​ဆောင်ရွက်ရာတွင် ပြည်သူများ​ပေါင်းစပ်​​ဆောင်ရွက်​ရေးနှင့် စာရင်းများ​သေချာစိစစ်​ဆောင်ရွက်​ရေး တို့ကို​ဆွေး​နွေး​ပြောကြားသည်။

ထို​နောက်ပထမအကြိမ်ရန်ပုံ​ငွေများကို ကရင်ပြည်နယ်လွတ်​တော်ဒုဥက္ကဋ္ဌ ​ဒေါ်နန်းသူဇာဝင်း၊​ကော့ကရိတ်ခရိုင်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်​ရေးမှူးဦး​နေထွန်း​အောင်၊ မြို့နယ်အုပ်ချုပ်​ရေးမှူးဦးဆန်းနု တို့မှ ​ပေးအပ်ရာ သက်ဆိုင်ရာ ​ကျေးရွာအုပ်ချုပ်​ရေးမှူးအသီးသီးတို့မှ လက်ခံရယူခဲ့ကြသည်။

အဆိုပါရန်ပုံ​ငွေ​ပေးအပ်ခြင်းသည် ကော့ကရိတ်မြို့ ​နယ်အတွင်းရှိ ကျေးရွာ(၂၄)အုပ်စုမှ လမ်းပမ်းဆက်သွယ်​ရေး လုပ်ငန်း(၂၅) ခု၊ ပညာ​ရေးလုပ်ငန်း(၁)ခု၊ အခြားလုပ်ငန်း(၄)ခု စုစု​ပေါင်းလုပ်ငန်း(၃၀)ခုအတွက်​​ငွေကျပ် (၁၀၀၅၅) သိန်းကို​ပေးအပ်ခဲ့ ​ကြောင်းသိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)