မိုးနဲမြို့တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

မိုးနဲ  ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် နောင်‌ကျော့ရပ်ကွက်နှင့် လွိုင်ချို-ကုန်းလွန်း ကျေးရွာအုပ်စုတို့တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်နှင့် ကျေးရွာ အုပ်စုတို့တွင် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခဲ့ကြောင်း  သိရသည်။

လွိုင်ချို-ကုန်လွန်း‌ကျေးရွာအုပ်စုတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်က လည်းကောင်း၊ နောင်ကျော့ ရပ်ကွက် တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရာဇာအောင်ကလည်းကောင်း ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ချက်များနှင့်ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသော ရပ်ကွက် နှင့်‌‌ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၏ အဆိုပြု ရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့(၅)ဦးအား ကျန်းမာရေး လမ်းညွှန်ချက် များနှင့်အညီ စနစ်တကျ ရွေးချယ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)