မိုင်းယောင်း မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်ကောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စာသင်ဆောင် ဆောက်လုပ် လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အန္တရာယ်ရှိကျောင်းဆောင်ကို ဖျက်သိမ်း၍ အသစ်ဆောက်လုပ်နေသည့် ယင်းစာသင်ဆောင်သည် RCC တစ်ထပ် အမျိုးအစားဖြစ်ပြီး အလျားပေ ၉၀၊ အနံပေ ၃၀ အကျယ်ရှိကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၂ ဒသမ ၆၅၀ ဖြင့် Focus Connect ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်ပညာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သိပ္ပံဆောင်များ အသစ်ဆောက်လုပ်ခြင်း၊ အန္တရာယ်ကျောင်းများ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်း၊ KG ကျောင်းဆောင် တည်ဆောက်ခြင်း၊ ဆရာ ဆရာမ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ စာကြည့်တိုက် အသစ်ဆောက်လုပ်ခြင်း၊ ရုံးအဆောက်အဦများ အသစ်ဆောက်လုပ်ခြင်း၊ မပြီးပြတ်သေးသော ကျောင်းဆောင်များ အပြီးသတ်ဆောက်လုပ်ခြင်း စသည့် တည်ဆောက်ရေး လုပ်ငန်းများ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း