ဒိုက်ဦး မတ် ၁၇
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ကုတင်(၅၀)ပြည်သူ့ဆေးရုံ၌ မတ်လ ၁၆ ရက်နေ့ နံနက် ၉နာရီအချိန်မှစတင်ကာ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ တော်များ၊ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံ ပေးသည်။
အဆိုပါ COVID-19ရောဂါကာကွယ်ဆေးများစတင်ထိုးနှံပေးရာတွင် ဒိုက်ဦးမြိုနယ်ဆေးရုံ အုပ်ကြီးမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများကိုထိုးနှံပေးကြောင်းသိရသည်။
ကာကွယ်ဆေးများ ထိုးနှံပြီးသူများအား လေးပတ်အကြာတွင် ဒုတိယအကြိမ်ကာကွယ် ဆေးကို ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးကို ဒုတိအကြိမ်ထိုးပြီးမှသာလျှင် ရောဂါကာကွယ် နိုင်စွမ်းကို အပြည့်အဝရရှိမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက် )