မိုင်းယုမြို့ ပြည်သူ့ဆေးရုံကို လူနာများအား တစ်ပတ်လျှင် နှစ်ရက်ဖွင့်လှစ်၍ ဆေးကုသပေးလျက်ရှိ

မိုင်းယု မတ်လ ၁၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကာလအတွင်း တာဝန်ခံဆရာဝန်နှင့် သူနာပြုဆရာမများ မရှိသဖြင့် ပြည်သူ့ဆေးရုံအား လတ်တလောတွင် ခေတ္တဆရာဝန်တစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်း(၆)ဦးတို့ဖြင့် ပြည်သူများ အဆင်ပြေစေရန် တစ်ပတ်လျှင် နှစ်ရက်သာ ဖွင့်လှစ်ပေး၍ ဆေးကုသပေးနေလျက်ရှိသည်။ အဆိုပါ ပြည်သူ့ဆေးရုံသည် နိုင်ငံတော်စီမံအုပ်ချုပ်သည့်အချိန်တွင် CDM ပြုလုပ်သည် တာဝန်ခံဆရာဝန်နှင့် သူနာပြုဆရာ/ဆရာမများ ရှိသဖြင့် ဆေးရုံအား ယာယီပိတ်ထားခဲ့ရပြီး ယခု ၂၀၂၁ ခုနှစ်၊ မတ်လ(၁၅)ရက်ကစ၍ ဒေသခံပြည်သူများ ကျန်းမာရေးပြဿနာများ အခက်အခဲမရှိ အဆင်ပြေစေရန်အတွက် ခေတ္တဆရာဝန်တစ်ဦးနှင့် CDM တွင် မပါဝင်သည့် သူနာပြုဆရာ/ဆရာမ(၃)ဦး၊ အထွေထွေလုပ်သား(၂)ဦးတို့ဖြင့် ရက်သတ္တပတ်တစ်ပတ်လျှင် တနင်္လာနေ့နှင့် သောကြာနေ့စသည့် နှစ်ရက်သာဖြစ်ပြီး နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲ အထိ ပြည်သူ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်၍ ဒေသခံပြည်သူတို့အား ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရေးပေါ်လူနာများရှိလာပါက မိုင်းယောင်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံသို့ စေလွှတ်ကုသပေးလျက်ရှိကြောင်းနှင့် CDM တွင် မပါဝင်သည့် ကျန်းမာရေး ဆရာမတစ်ဦးမှာ မိမိတာဝန်ကျရာ ကျေးရွာအုပ်စုအတွင်းတွင် ဆေးခန်းဖွင့်လှစ်၍ နေ့စဉ်ကုသဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။ လင်းလတ်