အရိုးရောဂါအထူးကုဆေးရုံကြီး(နေပြည်တော်)တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့ရှိ အရိုးရောဂါအထူးကု ဆေးရုံကြီး (နေပြည်တော်)သည် အရိုးနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

“ ယခုလက်ရှိအနေအထားမှာ ဒုတိယဆေးရုံအုပ်ကြီး(၁)ဦး၊ ပါမောက္ခ ရောဂါဗေဒ (၁)ဦး၊ မေ့ဆေးအထူးကု ဆရာဝန်ကြီး(၁)ဦး၊ အထူးကုဆရာဝန် ရောဂါဗေဒ(၁)ဦး၊ လက်ထောက် ဆရာဝန် (အရိုး)(၆)ဦး၊ လက်ထောက်ဆရာဝန်(ဓာတ်မှန်)(၂)ဦးတို့မှ ကျန်းမာရေး စောင့် ရှောက်မှုပေးလျက် ရှိပါတယ်၊ ပြင်ပလူနာများကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာ နေ့များမှာ နံနက်(၈)နာရီမှ (၁၂)နာရီထိ ကုသပေးလျက်ရှိပြီး လိုအပ်တဲ့လူနာများကို အတွင်းလူနာအဖြစ် ဆေးကုသမှု ပေးလျက်ရှိပါတယ်”ဟု အရိုးရောဂါ အထူးကု ဆေးရုံကြီး (နေပြည်တော်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ အရိုးရောဂါ အထူးကုဆေးရုံ ကြီးတွင် အရိုးကုသဆောင်(၂)ဆောင်၊ ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ သွေးဌာန၊ အကြောစစ်ဌာနတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး နေပြည်တော်အတွင်းရှိ ပြည်သူများသာမက နေပြည်တော်နှင့် ဆက်စပ်နေသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှလည်း လာရောက်၍ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဥတ္တရခရိုင်ပြန်/ဆက်