မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဧပြီလအတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ၊ ဘုန်းတော်ကြီးများနှင့် ပရဟိတကျောင်းများကို သောက်သုံးရေဂါလံ ခုနှစ်သောင်းကျော် ဖြန့်ဝေလှူဒါန်း

မိတ္ထီလာ၊ မေလ ၇ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ပရဟိတကျောင်းများကို သောက်သုံးရေဂါလံ ခုနှစ်သောင်း ကျော်ကို ဖြန့်ဝေလှူဒါန်းနိုင်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းထံမှ သိရသည်။ မိတ္ထီလာခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ၎င်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လာပါက သောက်သုံးရေများကို မီးသတ်ရေသယ်ယာဉ်များဖြင့် သွားရောက်ဖြန့်ဝေ လှူဒါန်းလျက်ရှိသည်။ ထိုသို့ ဖြန့်ဝေလှူဒါန်းလျက်ရှိရာမှ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တောင်ဖီလာ၊ သရက်တန်း၊ တောင်ပုလု၊ ညောင်ပင်အေး၊ ခင်သာ၊ အရာတော်၊ ဂဠုံကုန်း၊ ညောင်ပင်လျှို(အနောက်) သစ္စာပြုတောင်၊ ဖက်တော၊ ကျီကုန်း၊ ကြာပေါက်ကျေးရွာနှင့် ဆပ်ပြာကျင်း ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်း (၁၃)ကျောင်းနှင့် YGW ပရဟိတကျောင်း တစ်ကျောင်းတို့အား သောက်သုံးရေဂါလံ (၆၂၄၀၀)ကို ဖြန့်ဝေလှူဒါန်းခဲ့သည်။ ၎င်းပြင် သောက်သုံးရေလိုအပ်လျက်ရှိသော ရေငန်ကျေးရွာနှင့် ကျောက်ပုံကန် ကျေးရွာတို့အား မီးသတ်ဦးစီးဌာနမှ သန္ဓေ တပ်ဖွဲ့ဝင်များက မီးသတ်ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဂါလံ (၁၁၂၀၀)ကို သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ခရိုင် (ပြန်ဆက်)