လေပြင်းတိုက်ခတ်မှုကြောင့် ဇီးကုန်းမြို့နယ်ရှိ ကျေးရွာများတွင် နေအိမ်လေး လုံးပြိုလဲ၍ နေအိမ်(၁၃၄)လုံး အမိုးလန်ပျက်စီး

ဇီးကုန်း မေ ၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ယမန်နေ့ ညနေ ၆ နာရီအချိန် ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်လေးလုံးပြိုလဲ၍ စာသင်ကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် (၁၃၄)လုံး အမိုးများလန်ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ရွာဝိုင်းကြီးကျေးရွာအုပ်စုတွင် နေအိမ်(၅၇)လုံး၊ ဘုရားပျိုကျေးရွာအုပ်စုတွင် နေအိမ်(၂၅)လုံး၊ မီးကောက်ပင် ကျေးရွာအုပ်စုတွင် နေအိမ်(၁၇)လုံး၊ ဘဲအင်းကျေးရွာအုပ်စုတွင် နေအိမ်(၂) လုံး၊ မော်ရ ကျေးရွာ အုပ်စုတွင် နေအိမ်(၂)လုံး၊ ကန္တလီ ကျေးရွာအုပ်စုတွင် နေအိမ်(၄)လုံး၊ ကူဖြူ ကျေးရွာ အုပ်စုတွင် နေအိမ်(၅)လုံး၊ သရက်တပင် ကျေးရွာအုပ်စုတွင် နေအိမ်(၁)လုံး၊ လယ်မ ကျေးရွာအုပ်စုတွင် နေအိမ်(၁၀)လုံး၊ ဘော်ဘင် ကျေးရွာအုပ်စုတွင် နေအိမ်(၁၀)လုံးနှင့် သင်ကန်ကျေးရွာအုပ်စုတွင် စာသင်ကျောင်းတစ်ကျောင်း အမိုးလန်ပျက်ဆီးခဲ့ပြီး၊ နေအိမ်လေးလုံး ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်း နေအိမ်(၄)လုံးပြိုလဲ၍ စာသင်ကျောင်း တစ်ကျောင်း အပါအဝင် နေအိမ်(၁၃၄)လုံး အမိုးများလန်ပျက်စီးခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဘိုး (၄၅၈၄၀၀၀)ကျပ်ခန့်ရှိပြီး၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)