ကသာ မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မျိုးဆက်သစ်လူငယ်များအား နွေရာသီအားကစားသင်တန်းဖွင့်လှစ်ကာ ဘတ်စကက်ဘော ကစားနည်းများကို မတ်လ(၁၅)ရက်နေ့မှစ၍ ကသာမြို့ရှိ ဧရာရွှေလီခန်းမ၌ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကသာမြို့နယ်အတွင်း မျိုးဆက်သစ် ဘတ်စကက်ဘော လက်ရွေးစင်ကစား သမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းတွင် ဘတ်စကက် ဘောကစားနည်းအပြင် Physical Fitness Dance အကများကိုလည်း လေ့ကျင့်သင်ကြား ပေးလျက်ရှိရာ နွေရာသီအားကစားသင်တန်းကို မတ်လ(၁၅)ရက်နေ့မှစ၍ မေလ(၁၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘတ်စကက်ဘောကစားနည်းတွင် သင်တန်းသား(၇၀)ဦးခန့်နှင့် Physical Fitness Dance အကတွင် သင်တန်းသား(၃၀)ဦးခန့်ရှိကြောင်း၊ သင်တန်းကာလပြီးဆုံးချိန်၌ အဆိုပါသင် တန်း သားများ ကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း ကသာမြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)