ယခုနှစ်မိုးရာသီတွင် သစ်တောများပြန်လည်ထူထောင်ရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးအတွက် ဇီးကုန်းမြို့နယ်တွင် ပျိုပင်ပေါင်း(၃၅၀၀၀)ကို စိုက်ပျိုးသွားမည်

ဇီးကုန်း မေ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၁ မိုးရာသီတွင် သစ်တောများ ပြန်လည်ထူထောင်ရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် စိုက်ပျိုးရန် ပျိုးပင်ပေါင်း(၃၅၀၀၀)ကို မြို့နယ်သစ်တောဦးစီး ဌာနတွင်  ယာယီပျိုးဥယျာဉ်နှစ်စင်းဖြင့် ပျိုးထောင်ထားရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် သစ်တောဦးစီးဌာနရုံးဝန်း မြို့မဘိနယ်ပျိုးဥယျာဉ်တွင် ကျွန်းပင် (၁၀၀၀၀)၊ မန်ဂျန်ရှား(၄၀၀၀)၊ သင်းဝင်(၁၀၀၀)ပင် ကိုလည်းကောင်း၊ ဘော်ဘင်ဘိနယ် ပျိုးဥယျာဉ်တွင် ကျွန်း(၁၁၀၀၀)၊ မန်ဂျန်ရှား(၈၀၀၀)၊ ပျဉ်မ(၁၀၀၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း(၃၅၀၀၀)ကို ပျိုးထောင်ထားရှိပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးသွား မည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ နှင့် တပ်ရင်းတပ်ဖွဲ့များသို့ ပျိုးပင်များကို အခမဲ့ဖြန်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)