ဘုရားသုံးဆူမြို့တွင် ဝဥများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ဘုရားသုံးဆူ မေ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ဆန်စပါးအပြင် အခြားရာသီ သီးနှံများ စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး တောင်သူများအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း  ဝဥများ စိုက်ပျိုးထုတ်လုပ်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဝဥများကို ဘုရားသုံးဆူမြို့နယ်များတွင် စိုက်ပျိုးထုတ်လုပ်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ထွက်ရှိလာသော ဝဥများကို မြဝတီမြို့သို့ တင်ပို့ရောင်းချကြပြီး မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ဝဥအစို ၁ ပိဿာအနေဖြင့် တစ်ထောင့်ခုနှစ်ရာကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ဝဥ စိုက်ဧကပေါင်း ၈၂ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)