မင်းလှ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းတစ်‌ကျောင်း အမိုးလန် ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွား

မင်းလှ မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း အမိုးလန်ပျက်ဆီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထောက်ကြန့်အုပ်စု၊ ဇရစ်မြှောင်ကျေးရွာရှိ သာသနာဝံသ ဘုန်းတော်ကြီးကျောင်းတစ်‌ကျောင်းမှာ အမိုးလန်ကာ ဒိုင်းမျှားနှင့် သွပ်အချပ်(၆၀) ချပ် ပျက်ဆီးဆုံးရှုံးမှု ဖြစ်‌ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ပျက်ဆီးဆုံးရှုံးမှုမရှိ‌ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်သည့် ကျေးရွာများတွင် ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများ ကျေးရွာသူ ကျေးရွာသားများက ပူးပေါင်း၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ ပြန်/ဆက်