လွိုင်ကော် မေ ၁၁
ကယားပြည်နယ်ရှိ နိုင်ငံပိုင်သီရိရုပ်ရှင်ရုံနှင့် ပတ်သက်၍ ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်း များကို ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်နှင့်ဝတ္တရား လွှဲပြောင်းသည့််စာချုပ် (Deed of Assignment) ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲလျက်ရှိသော နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများက စနစ်တကျ ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းများကို ပြုလုပ်နိုင်ရေးအတွက် တာဝန်နှင့်ဝတ္တရား လွှဲပြောင်းခြင်းများကို ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ တာဝန်နှင့်ဝတ္တရား လွှဲပြောင်းသည့် စာချုပ် (Deed of Assignment) ချုပ်ဆိုခြင်းကို ပြန်ကြားရေးဝန်ကြီး ဌာနကိုယ်စား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်နှင့် ပြည်နယ်စီမံခန့်ခွဲရေးကောင်စီကိုယ်စား ကောင်စီဝင် ရဲမှူးကြီး မျိုးဆွေတို့က လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပြီး စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ ကြကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)