မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အဆောက်အအုံသစ်ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

ဆီဆိုင်   မေ   ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အဆောက်အအုံသစ်ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းသက်နောင်ထံမှသည်။

အဆိုပါရုံးသစ်သည် အလျားပေ ၄၀၊ အနံပေ ၃၀ပေရှိ အာရ်စီတစ်ထပ် အဆောက်အအုံဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၃၂.၅)သန်းဖြင့် ဘုန်းမြတ်အောင်မြင်ကုမ္ပဏီမှ ဇန်နဝါရီ ၁ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း အားလုံးရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းသက်နောင်ထံမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)