မြောက်ဦး မေ ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး စီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ မြို့နယ်အတွင်းရှိ သစ်တော များပြုန်းတီးမှုမှကာကွယ်နိုင်ရေးအတွက် မိုးရာသီကာလအတွင်း သစ်ပင်များထပ်မံစိုက်ပျိုးနိုင်ရန် မြို့နယ် သစ်တောဦးစီးဌာနရုံးပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း (၂၅၀၀၀) ပင်အား ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ ပျိုးပင်များအားပျိုးထောင်ထားရှိရာ မြို့နယ်သစ်တောဦးစီးဌာနရုံး ပျိုးဉယျာဉ်ခြံအတွင်း၌ အဖိုး တန်သစ်မာပင်များဖြစ်သည့် ကျွန်းပျိုးပင် ပေါင်း(၅၀၀၀)ပင်၊ ပျဉ်းကုတိုးပျိုးပင်ပေါင်း(၄၀၀၀)ပင်၊ ယူက လစ်ပျိုး ပင်ပေါင်း(၅၀၀၀)ပင်နှင့် မန်ဂျန်ရှားပျိုးပင်ပေါင်း(၁၁၀၀၀)ပင် စုစုပေါင်းပျိုးပင်ပေါင်း(၂၅၀၀၀)ပင် အား ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ် မိုးရာသီကာလ တွင် စိုက်ပျိုးနိုင်ရန် အတွက် မြို့နယ်သစ်တောဦးစီးဌာနမှ အဆိုပါ ပျိုးပင်များအား နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ရပ်ကွက် ကျေးရွာများ၊ မြို့နယ်သစ်ပင်ချစ်မြတ်နိုး သူများအဖွဲ့နှင့်ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးရန် စီစဉ် ဆောင်ရွက်ထား ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။
ခင်မောင်ထွန်း