ကွမ်းခြံကုန်း မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ယမန်နေ့ ညနေ(၄:၀၀)နာရီက လေဘေးသင့်အိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်အတွင်း မေလ(၆)ရက်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုလဲနေအိမ်(၄)လုံးနှင့် အမိုးလန်ပျက်စီးနေအိမ်(၁၉)လုံး စုစုပေါင်း (၂၃)လုံးအတွက် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုး၊ ဦးစီးအရာရှိ ဒေါ်နော်ကြူကြူဝေ၊ ဦးစီးမှူး ဦးတင်လှိုင် နှင့် ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းတို့က အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၃၅၀၀၀၀)ကျပ်နှင့် စာနပ်ရိက္ခာထောက်ပံ့ငွေကျပ် (၁၇၆၄၀၀၀) စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၁၁၄၀၀၀) ကျပ်ကို လေဘေးသင့်ပြည်သူ့များထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)